Translate
Wednesday, 25 November 2015
Tuesday, 24 November 2015
ဂန္ဒီ ပြောခဲ့ဖူးတဲ့ လူတို့ရဲ့ စင်ကြယ်သော အကျင့် သီလကို ဖျက်ဆီးတဲ့ အန္တရယ် ၇ခု
၁။ အလုပ်မလုပ်ပဲ ချမ်းသာနေကြခြင်း
၂။ အသိစိတ် ထိမ်းချုပ်မှု မပါသော ပျော်ရွှင်မှု
၃။ ကျင့်သုံးလိုက်နာခြင်း မပြုပဲ သင်ယူသိထားသော ပညာ၊ ဗဟုသုတ
၎။ ကျင့်ဝတ်စည်းကမ်း မလိုက်နာပဲ ပြုလုပ်သော စီးပွားရေး
၅။ အတ္တမချွတ်၊ မစွတ်လွတ်သော စိတ်ဖြင့် ပြုလုပ်သော ဘာသာရေး
၆။ စာနာမှု မပါပဲ တီထွင် ဖန်တီးသောသ သိပ္ပံပညာ
၇။ အခြေခံ သဘောတရား စည်းမျဉ်းစည်းကမ်း မရှိတဲ့ နိုင်ငံရေး
Credit to: SharingKoZin KZ

ဘီလျံနာ ပရောဖက်ဆာကြီးရဲ့ ငါးမြားခြင်းသင်ခန်းစာ
.ဥရောပနိုင်ငံ တစ်ခုမှာပါ။
မြို့ငယ်လေးတစ်မြို့ဖွား ဘီလျှံနာ ပရော်ဖက်ဆာကြီးဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ ခေါင်းချဖို့ ပြန်လာတယ်။
ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ရပ်ရွာက လူ ငါးဦးကို သင်တန်းတစ်ခုပေးမတဲ့။
ဘ၀ပညာ သင်တန်းလို့ပဲ ဆိုပါတော့ ....။
သူက စီးပွားရေးမှာ အောင်မြင်ခဲ့တဲ့ ဘီလျှံနာ ဖြစ်ခဲ့သလို အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှာ ပရော်ဖက်ဆာ လုပ်ခဲ့သူလေ။ သူဘာသင်ပေးပေး တန်ဘိုးမဖြတ်နိုင်မှာတော့ အမှန်ပဲ။ ဒါနဲ့ သင်ယူလိုသူ များစွာထဲမှာ ဒေသခံ လူငယ်လေး ၅ဦးကို ရွေးချယ် ခဲ့တယ်။
ပရော်ဖက်ဆာကြီးက ... “ကဲ ပထမဆုံး သင်ခန်းစာ စပြီ” တဲ့။
ငါးမြားတံ ၅ခု ပေးတယ်။ “သွား မြားချေ” တဲ့။
ခက်တာက ၅ယောက်လုံး ငါးမမြားတတ်ဘူး။ ငါးမြားခြင်းနဲ့ မယဉ်ပါးဘူး။
ငါးရှိမယ့် ကန်ကိုတောင် သူတို့နေရာကနေ နေ့တစ်စိတ်ခရီးလောက်သွားရတယ်။။
ဟိုရောက်တော့ အသီးသီး သင့်ရာနေရာရှာပြီး ကြိုးစားပမ်းစား မြား။
ညကျတော့ ပရော်ဖက်ဆာကြီးဆီ ပြန်ရောက်။
နှစ်ယောက်က ငါးရလာတယ်။ သုံးယောက်က မရဘူး။
ငါးရလာသူနှစ်ယောက်မှာ တစ်ယောက်ရတဲ့ငါးက အကြီးကြီးပဲ။
ပရော်ဖက်ဆာကြီးက အဲဒီလူမျက်လုံးတွေကို စေ့စေ့ကြည့်လိုက်တယ်။
“မင်း ငါးက မြားလာတာမှ မဟုတ်ပဲ၊ ဈေးထဲက ၀ယ်ဖြည့်လာတာ မဟုတ်လား၊ အဲဒီကန်မှာ ဒီငါးမျိုး မရှိဘူး” တဲ့
ဟိုလူလည်း ၀န်ခံရတယ်။ ပရော်ဖက်ဆာကြီးက ...
“လောကမှာ အဖြောင့်ဆုံးလမ်းဟာ အနီးဆုံးပဲ၊ အောင်မြင်မှုဆီ သွားချင်ရင် ဖြောင့်မတ်ရတယ်၊၊ မင်းဟာ အများကြီး သင်ကြားရဦးမယ်”
နောက် ငါးမရသူ သုံးယောက်ဘက် လှည့်တယ်။
“ကဲ မင်းတို့ရဲ့ ငါးမြားခြင်းအတွေ့အကြုံအကြောင်းပြောပါဦး”
တစ်ယောက်ကို မေးတော့ ...
သူက ... မြားတော့ မြှားတာပဲတဲ့၊ ငါးမှ မရှိတာ တဲ့။ ဒါကြောင့်မရဘူး။
နောက်တစ်ယောက်ကျတော့ ...
ဟိုနေရာက ငါးလေးပွက်လိုက်၊ ငါးမြားတံချလိုက် ဒီနေရာက ငါးလေးပွက်လိုက် ငါးမြားတံလိုက်ချလိုက်နဲ့ အပြေးအလွှား ဗျာများခဲ့သတဲ့။ သူလည်း ငါးမရဘူး။
နောင်တစ်ယောက်ကျတော့ ...
ငါးက သူ့ချိတ်ကို လာဟပ်တယ်။ သူမဆွဲတင်ရဲဘူး။ ပြန်လွှတ်သွားမှာစိုးလို့၊ ဒင်းရုန်းနေတာကို ထိုင်စောင့်နေသတဲ့။ မောပြီးရပ်သွားမှ ဆွဲမယ်ပေါ့လေ။ မရပ်ဘူး။ ဟိုက ရုန်းရင်း လွတ်သွားသတဲ့။ ဒါနဲ့ ငါးမလရလိုက်ဘူး
ငါးရတဲ့သူကျတော့ ပြောပြတာ ရှင်းပါတယ်။
ငါးပွက်တဲ့နေရာကို ရှာတယ်၊ ငါးမြားတံချတယ်၊ အကြာကြီး ထိုင်စောင့်တယ်၊ ငါးလာဟပ်တယ်၊ ဆွဲတင်တယ်၊ လျော့လိုက် ဆွဲလိုက် လုပ်တော့ နောက်ဆုံးကိုယ့်ဘက်ပါလာတယ်။
ပရော်ဖက်ဆာကြီးက ပြောပြတယ်။
“အောင်မြင်မှုဆိုတာ ငါးလိုပဲ၊ ငါးမြားခြင်းအတတ်က မင်းတို့ရဲ့ အရည်အချင်းကို ကိုယ်စားပြုတယ်။ အောင်မြင်မှုကို လူတိုင်း မက်မောကြတယ်၊ ဒါပေမဲ့ တကယ်စစ်မှန်တဲ့ အောင်မြင်မှု ရဖို့ လုပ်ပါ၊ ဟိုလူလို မဖြောင့်မှန်တဲ့နည်းနဲ့ မလုပ်နဲ့၊ သူ့အောင်မြင်မှုဟာ တာရှည် မခံတတ်ဘူး။
... အောင်မြင်မှုနောက်လည်း မလိုက်နဲ့။ အရည်အချင်းနောက်ပဲ လိုက်ပါ။
ငါးနောက် တကောက်ကောက်လျှောက်လိုက်နေတဲ့သူ ဘာဖြစ်သလဲ တွေ့တယ် မဟုတ်လား။
... ငါးမြားတံချထားသလို မိမိအရည်အချင်းကို ပြင်ဆင်ထား။ အောင်မြင်မှုဆိုတဲ့ ငါးက လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်ပေတော့။
... လာဟပ်ပါလျက် မဆွဲပဲလည်း မနှောင့်နှေးနဲ့။
လာဟပ်မယ့်နေရာမှာ နေဖို့လည်း မပျက်ကွက်နဲ့။
မင်းဘက်က အရည်အချင်းဆိုတဲ့ ငါးမြားတံနဲ့ ချိတ်ကို အသင့်ချထားရင်
အောင်မြင်မှုဆိုတဲ့ ငါးက မုချကို လာဟပ်ပါတယ်”
စာ ပေ ပျိုး ဥ ယျာဉ်(အားမိန်)
.ဥရောပနိုင်ငံ တစ်ခုမှာပါ။
မြို့ငယ်လေးတစ်မြို့ဖွား ဘီလျှံနာ ပရော်ဖက်ဆာကြီးဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ ခေါင်းချဖို့ ပြန်လာတယ်။
ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ရပ်ရွာက လူ ငါးဦးကို သင်တန်းတစ်ခုပေးမတဲ့။
ဘ၀ပညာ သင်တန်းလို့ပဲ ဆိုပါတော့ ....။
သူက စီးပွားရေးမှာ အောင်မြင်ခဲ့တဲ့ ဘီလျှံနာ ဖြစ်ခဲ့သလို အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှာ ပရော်ဖက်ဆာ လုပ်ခဲ့သူလေ။ သူဘာသင်ပေးပေး တန်ဘိုးမဖြတ်နိုင်မှာတော့ အမှန်ပဲ။ ဒါနဲ့ သင်ယူလိုသူ များစွာထဲမှာ ဒေသခံ လူငယ်လေး ၅ဦးကို ရွေးချယ် ခဲ့တယ်။
ပရော်ဖက်ဆာကြီးက ... “ကဲ ပထမဆုံး သင်ခန်းစာ စပြီ” တဲ့။
ငါးမြားတံ ၅ခု ပေးတယ်။ “သွား မြားချေ” တဲ့။
ခက်တာက ၅ယောက်လုံး ငါးမမြားတတ်ဘူး။ ငါးမြားခြင်းနဲ့ မယဉ်ပါးဘူး။
ငါးရှိမယ့် ကန်ကိုတောင် သူတို့နေရာကနေ နေ့တစ်စိတ်ခရီးလောက်သွားရတယ
ဟိုရောက်တော့ အသီးသီး သင့်ရာနေရာရှာပြီး ကြိုးစားပမ်းစား မြား။
ညကျတော့ ပရော်ဖက်ဆာကြီးဆီ ပြန်ရောက်။
နှစ်ယောက်က ငါးရလာတယ်။ သုံးယောက်က မရဘူး။
ငါးရလာသူနှစ်ယောက်မှာ တစ်ယောက်ရတဲ့ငါးက အကြီးကြီးပဲ။
ပရော်ဖက်ဆာကြီးက အဲဒီလူမျက်လုံးတွေကို စေ့စေ့ကြည့်လိုက်တယ်။
“မင်း ငါးက မြားလာတာမှ မဟုတ်ပဲ၊ ဈေးထဲက ၀ယ်ဖြည့်လာတာ မဟုတ်လား၊ အဲဒီကန်မှာ ဒီငါးမျိုး မရှိဘူး” တဲ့
ဟိုလူလည်း ၀န်ခံရတယ်။ ပရော်ဖက်ဆာကြီးက ...
“လောကမှာ အဖြောင့်ဆုံးလမ်းဟာ အနီးဆုံးပဲ၊ အောင်မြင်မှုဆီ သွားချင်ရင် ဖြောင့်မတ်ရတယ်၊၊ မင်းဟာ အများကြီး သင်ကြားရဦးမယ်”
နောက် ငါးမရသူ သုံးယောက်ဘက် လှည့်တယ်။
“ကဲ မင်းတို့ရဲ့ ငါးမြားခြင်းအတွေ့အကြုံအကြေ
တစ်ယောက်ကို မေးတော့ ...
သူက ... မြားတော့ မြှားတာပဲတဲ့၊ ငါးမှ မရှိတာ တဲ့။ ဒါကြောင့်မရဘူး။
နောက်တစ်ယောက်ကျတော့ ...
ဟိုနေရာက ငါးလေးပွက်လိုက်၊ ငါးမြားတံချလိုက် ဒီနေရာက ငါးလေးပွက်လိုက် ငါးမြားတံလိုက်ချလိုက်နဲ့ အပြေးအလွှား ဗျာများခဲ့သတဲ့။ သူလည်း ငါးမရဘူး။
နောင်တစ်ယောက်ကျတော့ ...
ငါးက သူ့ချိတ်ကို လာဟပ်တယ်။ သူမဆွဲတင်ရဲဘူး။ ပြန်လွှတ်သွားမှာစိုးလို့၊ ဒင်းရုန်းနေတာကို ထိုင်စောင့်နေသတဲ့။ မောပြီးရပ်သွားမှ ဆွဲမယ်ပေါ့လေ။ မရပ်ဘူး။ ဟိုက ရုန်းရင်း လွတ်သွားသတဲ့။ ဒါနဲ့ ငါးမလရလိုက်ဘူး
ငါးရတဲ့သူကျတော့ ပြောပြတာ ရှင်းပါတယ်။
ငါးပွက်တဲ့နေရာကို ရှာတယ်၊ ငါးမြားတံချတယ်၊ အကြာကြီး ထိုင်စောင့်တယ်၊ ငါးလာဟပ်တယ်၊ ဆွဲတင်တယ်၊ လျော့လိုက် ဆွဲလိုက် လုပ်တော့ နောက်ဆုံးကိုယ့်ဘက်ပါလာတယ်။
ပရော်ဖက်ဆာကြီးက ပြောပြတယ်။
“အောင်မြင်မှုဆိုတာ ငါးလိုပဲ၊ ငါးမြားခြင်းအတတ်က မင်းတို့ရဲ့ အရည်အချင်းကို ကိုယ်စားပြုတယ်။ အောင်မြင်မှုကို လူတိုင်း မက်မောကြတယ်၊ ဒါပေမဲ့ တကယ်စစ်မှန်တဲ့ အောင်မြင်မှု ရဖို့ လုပ်ပါ၊ ဟိုလူလို မဖြောင့်မှန်တဲ့နည်းနဲ့ မလုပ်နဲ့၊ သူ့အောင်မြင်မှုဟာ တာရှည် မခံတတ်ဘူး။
... အောင်မြင်မှုနောက်လည်း မလိုက်နဲ့။ အရည်အချင်းနောက်ပဲ လိုက်ပါ။
ငါးနောက် တကောက်ကောက်လျှောက်လိုက်နေတ
... ငါးမြားတံချထားသလို မိမိအရည်အချင်းကို ပြင်ဆင်ထား။ အောင်မြင်မှုဆိုတဲ့ ငါးက လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်ပေတော့။
... လာဟပ်ပါလျက် မဆွဲပဲလည်း မနှောင့်နှေးနဲ့။
လာဟပ်မယ့်နေရာမှာ နေဖို့လည်း မပျက်ကွက်နဲ့။
မင်းဘက်က အရည်အချင်းဆိုတဲ့ ငါးမြားတံနဲ့ ချိတ်ကို အသင့်ချထားရင်
အောင်မြင်မှုဆိုတဲ့ ငါးက မုချကို လာဟပ်ပါတယ်”
စာ ပေ ပျိုး ဥ ယျာဉ်(အားမိန်)
ဖယောင်းတိုင်လေးတိုင် ပုံပြင်
တစ်ခါတုန်းက… အခန်းလေးတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးလေးတိုင် ထွန်းလင်းတောက်ပနေကြပါသတဲ့. ..။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေတာကြောင့်  သူတို့လေးတွေ စကားပြောနေကြတာကို အတိုင်းသားကြားနေရတာပေါ့…။
ပထမဖယောင်းတိုင်လေးက ပြောတယ်…
“ငါက ငြိမ်းချမ်းမှုဖယောင်းတိုင်ေ လးပါ… ဘာပဲဖြစ်ဖြစ် ငါ့ကိုဘယ်သူမှဂရုမစိုက်ကြတော့ရင် ငါ့မီးတောက်ကလေး ငြိမ်းသွားမှာသေချာတယ်…”
ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ့  မီးတောက်လေးဟာ တဖြည်းဖြည်းမှိန်လာပြီး လုံးဝငြိမ်းသွားပါတော့တယ်…။
ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်…
“ငါကတော့ ‘ယုံကြည်ချက်’ ဆိုတဲ့ဖယောင်းတိုင်လေးပါ… ငါကမရှိမဖြစ်အရာမဟုတ်ပါဘူး… ငါ့အလင်းရောင်ထွန်းလင်းနေလို့လည်း ဘာမှထူးခြားမှုဖြစ်လာမှာမဟုတ်ပါဘူး…”
လို့ ပြောပြီးမကြာခင် လေပြေလေးတစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင်မီးစလေးလည်း ငြိမ်းသွားပါတယ်…။
တတိယဖယောင်းတိုင်းလေးကလည်း သူ့အလှည့်ရောက်လာတော့ ဝမ်းနည်းစွာနဲ့ပြောတယ်…
“ငါက ‘ချစ်ခြင်းမေတ္တာတရား’ ပါ…။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး…။ လူတွေက ငါ့ကိုဥပေက္ခာပြုထားကြပြီး ငါ့ရဲ့  အရေးပါမှုကို နားမလည်ကြတော့ဘူး…သူတို့နဲ့ အနီးဆုံးလူတွေကိုတောင် မေတ္တာထားဖို့ မေ့လျော့နေကြကုန်ပြီ…”
လို့ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့…။
ရုတ်တရက် အခန်းထဲကို ကလေးလေးတစ်ယောက်ဝင်လာပြီး ဖယောင်းတိုင်လေးသုံးတိုင်က မီးငြိမ်းနေတာတွေ့လိုက်တယ်… ။
“ ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင်ကုန်တဲ့အထိမလင်းဘဲ ငြိမ်းသွားတာလဲ… “ လို့ဆိုပြီး ကလေးလေးက ငိုပါသတဲ့…။
ဒီတော့ စတုတ္ထဖယောင်းတိုင်လေးကပြောတ ယ်…
“ဘာမှ မပူပါနဲ့ ကလေး… ငါ့အလင်းရောင်တွေမငြိမ်းသေး သ၍ ဟိုငြိမ်းသွားတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလို့ရပါတယ်…ငါက တော့ ‘မျှော်လင့်ချက်’ ဖယောင်းတိုင်လေးပါ…” လို့ဆိုသတဲ့…။
ကလေးလေးရဲ့ မျက်ဝန်းမှာ အရောင်လေးတွေတောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင်လေး တွေကို ပြန်ထွန်းညှိလိုက်ပါတော့သတဲ့ …။
ဒီလိုပါပဲ သယ်ရင်းရေ… ‘မျှော်လင့်ချက်’ ဆိုတဲ့ မီးတောက်လေးကို ငါတို့ဘဝတွေထဲက ပျောက်ကွယ်မသွားစေသင့်ဘူး…ဒါမှသာ ငါတို့တတွေရဲ့  မျှော်လင့်ချက်… ယုံကြည်ချက်…ငြိမ်းချမ်းမှု … နဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ထာဝရ ထိန်းသိမ်းထားနိုင်မှာပေါ့… ။
မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင်ပြုပါလိမ့်မယ် … မျှော်လင့်ချက်ကတော့ မင်းကို ဘယ်တော့မှ စွန့်ပြစ်မသွားပါဘူး…။ မင်းရဲ့  အကြောက်တရားက ပြောတာတွေနားမထောင်ပါနဲ့…မင်းရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေက ပြတဲ့လမ်းကိုသာ ဆက်လျှောက်ပါ…။
အခက်အခဲပြဿနာတွေကို မတွေးပါနဲ့…ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေကိုသာ တွေးပါ…။
မင်းရဲ့  ပင်ပန်းမှုတွေ…ကျရှုံးမှုတွေကို မကြည့်ပါနဲ့… ဘာကြောင့် ရှေ့ ဆက်သင့်တဲ့ အကြောင်းကိုသာ စိတ်ဝင်စားပါ…
Credit ::::: ဦးသုည
ပထမဖယောင်းတိုင်လေးက ပြောတယ်…
“ငါက ငြိမ်းချမ်းမှုဖယောင်းတိုင်ေ
ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ့  မီးတောက်လေးဟာ တဖြည်းဖြည်းမှိန်လာပြီး လုံးဝငြိမ်းသွားပါတော့တယ်…။
ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်…
“ငါကတော့ ‘ယုံကြည်ချက်’ ဆိုတဲ့ဖယောင်းတိုင်လေးပါ… ငါကမရှိမဖြစ်အရာမဟုတ်ပါဘူး…
လို့ ပြောပြီးမကြာခင် လေပြေလေးတစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင်မီးစလေးလည
တတိယဖယောင်းတိုင်းလေးကလည်း သူ့အလှည့်ရောက်လာတော့ ဝမ်းနည်းစွာနဲ့ပြောတယ်…
“ငါက ‘ချစ်ခြင်းမေတ္တာတရား’ ပါ…။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး…။ လူတွေက ငါ့ကိုဥပေက္ခာပြုထားကြပြီး ငါ့ရဲ့  အရေးပါမှုကို နားမလည်ကြတော့ဘူး…သူတို့နဲ့
လို့ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့…။
ရုတ်တရက် အခန်းထဲကို ကလေးလေးတစ်ယောက်ဝင်လာပြီး ဖယောင်းတိုင်လေးသုံးတိုင်က မီးငြိမ်းနေတာတွေ့လိုက်တယ်…
“ ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင်ကုန်တဲ့အထိမလင်
ဒီတော့ စတုတ္ထဖယောင်းတိုင်လေးကပြောတ
“ဘာမှ မပူပါနဲ့ ကလေး… ငါ့အလင်းရောင်တွေမငြိမ်းသေး
ကလေးလေးရဲ့ မျက်ဝန်းမှာ အရောင်လေးတွေတောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင်လေး
ဒီလိုပါပဲ သယ်ရင်းရေ… ‘မျှော်လင့်ချက်’ ဆိုတဲ့ မီးတောက်လေးကို ငါတို့ဘဝတွေထဲက ပျောက်ကွယ်မသွားစေသင့်ဘူး…ဒ
မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင်ပြုပါလိမ့်မယ်
အခက်အခဲပြဿနာတွေကို မတွေးပါနဲ့…ဖြစ်လာနိုင်မယ့်
မင်းရဲ့  ပင်ပန်းမှုတွေ…ကျရှုံးမှုတွေက
Credit ::::: ဦးသုည
အီးရှုကြပါ
ဟာသမဟုတ်ဘူးနော်ဗဟုသုတဖြစ်ေ ပါ့
friend တို့ဖြစ်နိုင်မယ်ဆို အီးရှုကြပါလို့တိုက်တွန်းချင်ပါတယ်ခ်ခ်ခ်
အဲလိုပြောလို့ ကိုထက်ကိုစိတ်မဆိုးကြပါနဲ့ေ နာ် အောက်မှာဆက်ဖတ်ကြည့်ပါ။
လေလည်စဉ် ထွက်ရှိသည့် အနံ့နှင့် ကြက်ဥပုပ်နံ့ကို ရှူရှိုက်ပါက ကျန်းမာရေး ကောင်းမွန် စေနိုင်ပြီး ကင်ဆာရောဂါကို သာမက အခြားရောဂါ များကိုလည်း ကာကွယ် ပေးနိုင်စွမ်း ရှိကြောင်း အင်္ဂလန် နိုင်ငံ Exeter တက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြသည်။ လူ့ခန္ဓာကိုယ်မှ စားသုံးလိုက် သည့် အစားအစာ များမှ ထွက်ရှိလာသော သေဆုံး ဗက်တီးရီးယား များကို ဓာတ်ငွေ့အဖြစ် ပြန်လည် ထုတ် လွှတ် ရာတွင် ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ်ဓာတ်ငွေ့ ထွက်ရှိလာပြီး ၎င်းဓာတ်ငွေ့အား ရှူရှိုက်ခြင်းသည် ခန္ဓာကိုယ် အတွက် လိုအပ်သည့် ဆဲလ်များကို ရှင်သန်ပေါက်ဖွားရာ နေရာဖြစ်သော Mitochondria အား ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်စွမ်း ရှိကြောင်း ၎င်းသုတေသန ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ကြက်ဥပုပ်နံ့နှင့် လေပွခြင်းကြောင့် ထွက်ရှိလာသည့် အနံ့များတွင် ပါဝင်သော ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ် ဓာတ်ငွေ့သည် ရောဂါများအား ကုသရာတွင် အဓိက ကျသော အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပါဝင် လာစေ နိုင်မည်ဖြစ်ကြောင်း Medicinal Chemistry Communications ဂျာနယ်တွင် ပါဝင်သည့် သုတေသန စာတမ်းတွင် ဖော်ပြထားသည်။
၎င်းဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ်အား အသုံးပြုမှုသည် အလွန် အန္တရာယ် များကြောင်း အများက လက်ခံထားချိန်တွင် အဆိုပါ အနံ့ကို ရှူရှိုက်မှုသည် Mitochondria ကို မပျက်စီးစေဘဲ မူလအတိုင်း ရှိစေသောကြောင့် ကင်ဆာ၊ လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန် ရပ်တန့်ခြင်း၊ အဆစ်ရောင်နာနှင့် ရောဂါကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု အစရှိသည့် ရောဂါများ ဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု Exeter တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာ မတ်ဝှိုက်မန်းက ပြောကြားထားသည်။
ဟုတ်မဟုတ်တော့ သိဘူးနော်၊ တော်တော်ကြာ စောစောစီးစီးမတင် ရကောင်း လားဆိုပြီး စိတ်ဆိုးနေကြမှာစိုးလို့ မြ၀တီက ကူးပြီး တင်ပေးလိုက်တာပါ -
friend တို့ဖြစ်နိုင်မယ်ဆို အီးရှုကြပါလို့တိုက်တွန်းချင
အဲလိုပြောလို့ ကိုထက်ကိုစိတ်မဆိုးကြပါနဲ့ေ

Monday, 23 November 2015
ဆင်းရဲတယ်ဆိုတာ
ဖတ်လိုက်ရတာ တကယ့်အနှစ်သာရတွေပဲ friend တို့ကျော်မသွားစေချင်ဘူး ဖတ်ဖြစ်အောင်ဖတ်ကြပါနော်
ဆင်းရဲတယ်ဆိုတာ ဘာလဲ
===================
===================
တစ်ရက်မှာ အင်မတန်ချမ်းသာတဲ့မိသားစုက ဖခင်ဖြစ်သူဟာ သားဖြစ်သူကိုခေါ်ပြီး ဆင်းရဲတဲ့သူတွေဟာ ဘယ်လိုလဲဆိုတာကို သားဖြစ်သူကိုသိစေချင်စိတ်ပြင်းပြစွာနဲ့ ပြသဖို့ရာ ကျေးလက်ဒေသတစ်ခုဆီကို ခရီးထွက်ခဲ့ကြပါတယ်။
သားအဖနှစ်ယောက်ဟာ အင်မတန်ဆင်းရဲရှာတဲ့ မိသားစုတစ်ခုရဲ့မွေးမြူစိုက်ပျိုးရေးခြံတစ်ခုမှာ နှစ်ရက်နှစ်ညတိုင်တိုင်နေပြီး ဆင်းရဲတယ်ဆိုတာ ဘာလဲသိအောင် နေခဲ့ကြပါတယ်။
အပြန်ခရီးမှာတော့ ဖခင်ဖြစ်သူက သားဖြစ်သူကိုမေးပါတယ်။ “ခရီးထွက်လာခဲ့ရတာ ဘယ်လိုနေသလဲ?” လို့မေးတဲ့အခါ သားဖြစ်သူက “သိပ်ကောင်းတာပဲ ဖေဖေ” လို့ဖြေပါတယ်။ “ဆင်းရဲသားတွေကို သားတွေ့ခဲ့ရတယ်မဟုတ်လား” လို့မေးတော့ “အိုး တွေ့တာပေါ့ဖေဖေ” လို့သားဖြစ်သူကပြန်ဖြေပါတယ်။ “ဒါဆိုရင် ဒီခရီးကနေ သားဘာတွေကို မြင်တွေ့သင်ယူလာခဲ့သလဲ” လို့မေးတော့ သားဖြစ်သူက ပြန်ဖြေပါတယ်။
“ သားတို့မှာ ခွေးတစ်ကောင်ရှိတယ်။ သူတို့မှာ ခွေးလေးကောင်ရှိတယ်။
သားတို့ပိုင်တဲ့ရေကန်က သားတို့ဥယျာဉ်အလယ်ထိအောင်ရှည်တယ်။ သူတို့ချောင်းက အဆုံးမရှိဘူး။
သားတို့မှာ ၀ယ်တပ်ထားတဲ့ မီးအိမ်တွေရှိတယ်။ သူတို့မှာ ညဆိုရင် ကြယ်တွေရှိတယ်။
သားတို့အိမ်ရှေ့ဝရန်တာက အိမ်အရှေ့မျက်နှာဘက်ထိရောက်တယ်။ သူတို့အိမ်ရှေ့မျက်နှာစာက မိုးကုပ်စက်ဝိုင်းထိအောင်ရောက်တယ်။
သားတို့ပိုင်တဲ့မြေကွက်က သေးတယ်။ သူတို့ပိုင်တဲ့လယ်ကွင်းတွေက မျက်စိတစ်ဆုံးမကဘူး။
သားတို့မှာ လုပ်ကိုင်ပေးမယ့် အလုပ်သမားတွေရှိတယ်။ သူတို့ကတော့ တစ်ယောက်ကိုတစ်ယောက် လုပ်ကိုင်ဆောင်ရွက်ပေးကြတယ်။
သားတို့က အစားအစာကို ၀ယ်စားရတယ်။ သူတို့က သူတို့ဘာသာ စိုက်ပျိုးစားသောက်တယ်။
သားတို့ပိုင်တဲ့ပစ္စည်းတွေကို လေးဘက်လေးတန် နံရံတွေနဲ့ ကာကွယ်ထားရတယ်။ သူတို့ကိုကျတော့ သူတို့မိတ်ဆွေတွေက ကာကွယ်ပေးကြတယ် ဖေဖေ။”
သားဖြစ်သူရဲ့အဖြေကိုကြားလိုက်ရတဲ့အခါမှာတော့ ဖခင်ဖြစ်သူဟာ စကားမပြောနိုင်ဖြစ်သွားပါတော့တယ်။
သားက ထပ်ပြီးပြောလိုက်သေးတယ်။
သားက ထပ်ပြီးပြောလိုက်သေးတယ်။
“သားတို့တွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာသိအောင် လိုက်ပြပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ် ဖေဖေ”တဲ့။
ပြောရရင်တော့ အကြိမ်တော်တော်များများမှာ ကျွန်တော်တို့ဟာ ကိုယ့်မှာရှိနေတာတွေကို မေ့လျော့ပြီး ကိုယ့်မှာ မရှိတာကိုပဲ အာရုံပြုနေလေ့ရှိပါတယ်။
လူတစ်ယောက်အတွက် တန်ဖိုးမရှိတဲ့အရာတစ်ခုဟာ ကျန်တဲ့လူတစ်ယောက်အတွက်တော့ တန်ဖိုးဖြတ်ဖို့ခက်တဲ့ ပိုင်ဆိုင်မှုဖြစ်နေတတ်ပါတယ်။ ဒါတွေအားလုံးဟာ လူတစ်ယောက်ရဲ့အမြင်ပေါ်မှာပဲ အခြေပြုလေ့ရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေဟာ လိုချင်တာတွေအတွက် ပူပန်နေမယ့်အစား ကိုယ့်မှာ ရှိတာလေးတွေကို ကျေးဇူးတင်ကြည့်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးတောပြီး ကိုယ့်ကိုယ်ကို အံ့သြကြည့်လိုက်စမ်းပါ။
စာရေးသူ Oppositeye myanmar
Sunday, 22 November 2015
သမီးချစ်သောဖေဖေ
ဂျိန်း........(မိုးချိန်းသ
သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေထဲမှာမမောနိုင်မပန်း
အမှတ်မထင်လှမ်းတွေ့လိုက်တယ်
တဲ့ပုလင်းကိုမြင်တာနဲ့ကျွန်
ဒီအချိန်ဆိုရင် ကိုမြကြီးတို့ရေချိန်မပြည့်
အတွက်တော့ နှိုးစက်တစ်ခုလိုပဲ အချိန်မှန်ကြားနေရဲ့အသံပဲပေ
ကိုမြကြီးအလုပ်ကိုလက်ကြောတင
လုပ်စာကိုသာထိုင်စားနေတော့သ
ပြောင်းဖူးပြုတ် စသည်ဖြင့် ရာသီစာသီးနှံများကိုရောင်းပ
ပန်းမှာကိုမကြည့်ရက်လို့မရေ
ဒါကိုမြူနှင်းလေးက ဖေဖေ့အရက်ဖိုးရအောင်ရောင်းတ
မှာစိုးလို့တဲ့မေမေက သမီးတို့ကိုလည်းရှာကြွေးရ ဖေဖေ့အရက်ဖိုးလည်းရှာရဆိုရင
မြူနှင်းလေးကိုကြည့်ရင်းယသူ
ဘယ်လောက်တောင်များနေပြီလဲ? မြူနှင်းလို သမီးလေးတွေရောဘယ်လောက်တောင်
ဗလမင်းထင်
Saturday, 21 November 2015
စမ်းရေပမာ အဖေ့မေတ္တာ
နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း အမှတ်(၁၈၆) အောက်တိုဘာ ၂၀၁၄ မှာ ဖော်ပြခံရတဲ့
လရိပ်လေး(မောင်းမကန်) ရဲ့
***စမ်းရေပမာ အဖေ့မေတ္တာ***
လောကထဲကို လူသားတစ်ယောက်အဖြစ် စတင်အခြေချပြီဆိုတာနဲ့ လူသားတိုင်းမှာ အဖေရယ် အမေရယ်ဆိုတာ ရှိပြီးသားပါ၊ ဒါပေမဲ့ အတူတူနေရတာ မနေရတာကတော့ လူသားတွေရဲ့ အတိတ်ကြောင်းတွေနဲ့ ဆိုင်နေမယ်လို့ ကျွန်မထင်မိပါတယ်၊ ကျွန်မမှာတော့ အဖေဆိုတာကို ကျွန်မလေးနှစ်သမီးလေးအရွယ်က တည်းက မမြင်ခဲ့ရတော့ပါဘူး၊ ဒါပေမဲ့ ကျွန်မအဖေ့ကို အရမ်းချစ်ခဲ့ပါတယ်၊ အခုချိန်ထိ ချစ်နေတုန်းပါ၊ နောင်လည်း ချစ်နေအုံးမှာပါ၊ ဘယ်တော့မှ အဖိုးမဖြတ်နိုင်သော အဖေ့မေတ္တာကို ကျွန်မ တမ်းတနေမိတုန်းပါ၊ ကျွန်မ အဖေအရွယ်တွေကို တွေ့မိရင် မျက်ရည်လည်နေမိတုန်းပါ၊ အဖေနဲ့အတူ နေခွင့်လေးကို ကျွန်မ လိုချင်နေမိတုန်းပါ။
အဖေပြောခဲ့တဲ့ စကားတွေကို ကျွန်မကိုယ်တိုင် မမှတ်မိခဲ့ပေမဲ့ အမေပြန်ပြောပြတာလေးကို အခုချိန်ထိ အသည်းထဲ စွဲနေတုန်းပါ၊ အဖေက ပြောတယ်တဲ့။
“ငါ့သမီးတွေကို ပညာတတ်ကြီးတွေဖြစ်အောင် ထားမယ်”လို့၊
အဲဒီစကားလေးကို အဖေကိုယ်တိုင် ပြောတာ မကြားခဲ့ရပေမဲ့ ကျွန်မအတွက် အင်အားတွေဖြစ်ခဲ့သလို ပညာတတ်ကြီးဖြစ်အောင် ကြိုးစားချင်စိတ် ဖြစ်ခဲ့ပါတယ်၊ ပြန်ပြောပြတာလေးကို ကြားမိရုံနဲ့တင် အဖေရဲ့စကားက ကျွန်မရဲ့ပန်းတိုင်ကို လမ်းညွှန်ပြနိုင်ခဲ့တယ်ဆိုရင် အဖေသာ ကျွန်မဘေးမှာ ရှိနေခဲ့ရင်ဆိုတဲ့အတွေးက ကျွန်မရင်ကို အမြဲထိရှစေခဲ့ပါတယ်၊ ပိုလို့လည်း လွမ်းနေမိသလို အဖေ့အတွက် အလှူဒါနလေးတွေ ပြုလုပ်ပေးရင်း အမျှဝေပေးတာလေးတွေ အမြဲလုပ်ဖြစ်မိပါတယ်။
အဖေနဲ့ အတူတူနေခွင့်ရတဲ့ သားသမီးတွေကို မြင်ရတဲ့အချိန်တိုင်း ကျွန်မ အရမ်းပျော်ရွှင်မိပါတယ်၊ အဖေ့အရိပ်ကို နားလည် လက်ခံတတ်ပြီး အဖေ့ချစ်မေတ္တာတွေကို နားလည်နိုင်ကြပါစေလို့ ကျွန်မ အမြဲဆုတောင်းပေးခဲ့မိပါတယ်၊ ဒါပေမဲ့ ကျွန်မဆုတောင်းလေး မပြည့်ခဲ့ပါဘူး၊ (၁၈.၇.၂၀၁၃)နေ့ အာဇာနည်အကြိုနေ့မှာ “ထိုနေ့စွဲ (ဂျူလိုင် ၁၉)”ဆိုတဲ့ ကဗျာလေး facebookပေါ်မှာ တင်ဖို့ဆိုပြီး ကျွန်မ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားအနားက ဆရာတော်တွေဆီသွားပြီး အပြန်မှာပေါ့၊ ကျွန်မ သိပ်နေမကောင်းတော့ လိုင်းကားလည်း မစီးချင်တော့ တက္ကဆီငှားပြီး ပြန်မယ်လို့အထွက်လာ ကျောင်းဝမှာ တက္ကဆီပေါ်မှာ ကားသမားက သတင်းစာလေးဖတ်ရင်း ထိုင်နေပါတယ်၊ ကျွန်မလည်း အနားရောက်တော့
“ဦးလေးရှင် ကားအားလား? ကျွန်မ မြောက်ဒဂုံသွားချင်လို့ပါ”
လို့ ပြောတော့ ကားခ ၄၀၀၀ တောင်းပါတယ်၊ ကျွန်မလည်း
“သွားနေကျ ၂၅၀၀ပဲ ပေးရပါတယ်ရှင်၊ ဦးလေး လိုက်ပေးနိုင်မလား? ကျွန်မ တကယ်မညာပါဘူး”
လို့ပြောတော့
“ကဲပါ သမီးလေးရယ် လိုက်ပို့ပါမယ်”
လို့ပြောတော့ ကျွန်မကားပေါ်တက်ပြီး လိုက်လာခဲ့ပါတယ်။
လမ်းရောက်တော့ ကားဆရာဦးလေးက
“သမီးက ဒီကို ဘာလာလုပ်တာလဲ”တဲ့၊
“ကျွန်မက ဘာသာရေး ဆောင်းပါးလေးတွေ ရေးတာပါ၊ ဆောင်းပါးပို့ရင်း ဆရာတော်တွေဆီ အလည်လာတာပါ”လို့ပြောတော့
“တကယ်ကောင်းပါတယ် သမီးရယ်”တဲ့။
ဒီလိုနဲ့ စကားတွေ ပြောဖြစ်တော့ ကျွန်မဘန်ကောက်မှာ ဘာသာရေးလုပ်ဖြစ်တဲ့အကြောင်း မြန်မာဆရာတော်တွေရဲ့ ဘန်ကောက်မှာ သာသနာပြုတဲ့အကြောင်းပြောရင်း ဘ၀အတွေ့ကြုံတွေပါ ပြောဖြစ်တော့ ဦးလေးကြီးက
“သမီးရယ်၊ ဦးအမှန်တိုင်း ပြောရရင် သမီးလေးသာ ဦးရဲ့သမီးလေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့တောင် တွေးမိတယ် သမီးရယ်၊ သမီးကို ဦးရဲ့ကားပေါ် တင်ခေါ်လာရတာ ဦးအတွက် တကယ့်မင်္ဂလာပါသမီးရယ်”တဲ့၊
ကျွန်မက
“ဘာဖြစ်လို့လဲ ဦးရယ်”လို့ မေးတော့
“သမီးကို ဦးလေးအမှန်တိုင်း ပြောမယ်နော်၊ သမီးလို အသက်ရွယ်နဲ့ ဘာသာရေးရော မိဘတွေအပေါ် သိတတ်တာလေးကို သဘောကျလို့ပါ၊ ဦးလေးမှာလေ သမီးလေးတစ်ယောက်ရှိတယ်၊ အခုသမီးက ပထမနှစ် ကျောင်းတက်နေပြီလေ၊ စာလည်း အရမ်းတော်ပါတယ်၊ ဒါပေမဲ့သမီးရယ် ကျောင်းစာကလွဲပြီး စာပေဗဟုသုတ ဘာမှမဖတ်ဘူး၊ ဖတ်ဖို့လည်း အချိန်မရတော့ သမီးလို အဖေ့မေတ္တာကို နားမလည်ဘူး၊ ဦးလေးသေမှ အဖေ့မေတ္တာကို နားလည်မယ်ထင်ပါတယ်၊ ဦးလေး စိတ်မကောင်းဖြစ်မိပါတယ်၊ ဒါပေမဲ့သမီးလေးကို ဘယ်တော့မှ စိတ်မကွက်ပါဘူး၊ သမီးလေးရှေ့ရေးအတွက်ပဲ စိုးရိမ်ပြီး ဦးလေးအမြဲဆုတောင်းပေးပါတယ် ၊ တစ်နေ့ နားလည်ပါစေလို့ပဲ ဆုတောင်းနေမိတော့တယ် သမီးရယ်”တဲ့။
ဒါနဲ့ ကျွန်မလည်း မနေနိုင်တော့ပဲ သိချင်လာတာနဲ့
“ဦးလေးရယ် ဦးလေးသမီးက ဘယ်လိုနားမလည်တာလဲရှင်၊ ကျွန်မကို ပြောပြနိုင်မလား”
လို့မေးတော့
“သမီးရယ် သမီးကို တကယ့်သမီးအရင်းလို သဘောထားလို့ ဦးလေးပြောပြမယ်နော်၊ ဦးလေးမိန်းမက ရန်ကုန်သူလေ၊ ဦးလေးက မန္တလေးသားပေါ့၊ သမီးလေးကတော့ တစ်ဦးတည်းသော သမီးလေးပေါ့၊ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ ငယ်ငယ်လေးကတည်းက ကျောင်းတက်ပြီးနေခဲ့တာလေ၊ သမီးလေးက စာအရမ်းတော်တာ၊ သမီးလေးကျောင်းစရိတ်အတွက် ဦးလေးက ကိုယ်ပိုင်တက္ကစီလေးမောင်းပြီး ရှာကျွေးခဲ့တာပေါ့၊ ဒီလိုနေလာခဲ့တာ သမီးလေး ဆယ်တန်းရောက်ပြီး တစ်နေ့မှာပေါ့၊ ဦးလေးက ကျူရှင်အပြန် သွားကြိုတယ်၊ ဦးလေးမောင်းတဲ့ တက္ကဆီကားလေးနဲ့ပေါ့၊ အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ သမီးလေးက ‘အဖေ နောက်ဆိုသမီးကို လာမကြိုပါနဲ့နော်၊ သမီးရှက်တယ်၊ သူငယ်ချင်းတွေက ကဲ့ရဲ့ကြတယ်’တဲ့၊ နင့်အဖေက တက္ကစီမောင်းတယ်ပြောတယ်ပေါ့၊ ဦးလည်း ဘာမှ ပြောမထွက်တော့ဘူး၊ ဦးလေး တအားစိတ်မကောင်းဖြစ်ခဲ့တယ်၊ အဲလိုနဲ့ ဦးလေးလည်း မကြိုဖြစ်တော့ပါဘူး၊ ဒါပေမဲ့ သမီးလေးကို မျက်နှာ တစ်ချက်မငြိုးအောင် အစစအရာအရာ လုပ်ပေးခဲ့ပါတယ်၊ ဦးလေးသမီးလေးက အင်္ဂါသမီးလေးဆိုတော့ အပတ်တိုင်း ဘုရားသွားပြီး အလှူလုပ်ပေးတယ်၊ အဲဒ်ီလို လုပ်ပေးတဲ့အချိန်ဆို ဦးလေးကလေ သမီးလေးကို ချော့မော့ခေါ်ပြီး ဘုရားပန်းကအစ အဆင်သင့်လုပ်ပေးပြီးမှ ဘုရားရှိခိုးခိုင်းရတယ်၊ ဦးလေးက အဝေးကနေ နေရတယ်သမီးရယ်၊ သမီးလေး ကျေနပ်ဖို့ ပျော်ရွှင်ဖို့ဆိုတော့ ဦးလေးပေးဆပ်ရတာ ပျော်ရွှင်ခဲ့ပါတယ်၊ အဲလိုနေလာရင်း ဟိုတလောက သမီးလေးက ‘အဖေနဲ့အမေတို့ ကျောင်းက အပြန်လာကြိုပါ’လို့ဆိုတော့ ဦးလေးရင်ထဲမှာ ပျော်လိုက်တာ အတိုင်းမသိပါပဲသမီးရယ်၊ ညနေကျတော့ ဦးလေးနဲ့ ဦးလေးမိန်းမ သမီးလေးကို သွားကြိုတော့ သမီးလေးက ‘ကျောင်းနဲ့ လေးမှတ်တိုင်လောက်ဝေးတဲ့နေရာမှာ စောင့်နေပါ’လို့ ဖုန်းဆက်လာတယ်၊ ဦးလေးလည်း ‘ဘာဖြစ်လို့လဲမိန်းမရယ် သမီးလမ်းလျှောက်လာရင် ခြေထောက်ညောင်းမှာပေါ့၊ ကျောင်းအထိ လိုက်ကြိုမယ်လေ’လို့ပြောတော့  ဦးလေးမိန်းမက ပြန်ပြောတယ် ‘တက္ကစီနဲ့လာကြိုတာကို သူ့သူငယ်ချင်းတွေ မမြင်စေချင်လို့ နေမှာပေါ့’တဲ့၊ ဦးလေးရင်ထဲ ဆို့တက်ပြီး မျက်ရည်တောင် လည်မိတယ်သမီးရယ်၊ ဒါနဲ့ ဦးလေးလည်း သမီးအရမ်းကြိုက်တဲ့ မုန့်ဆိုင်မှာပဲ သမီးကို မုန့်ဝယ်ကျွေးမယ်လို့ စိတ်ကူးလေးနဲ့ လင်မယားနှစ်ယောက် ထိုင်စောင့်လိုက်ပါတော့တယ် သမီးရယ်”။
ဖခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့မေတ္တာကို ကျွန်မကိုယ်တိုင်ကြားခဲ့ရတော့ အဖေမရှိတဲ့ ကျွန်မအဖို့ အဖေ့ကိုသာ ပြန်ရလိုက်ချင်ပါတော့တယ်၊ အဖေရှိနေရက်နဲ့ အဖေ့မေတ္တာကို ဘာလို့နားမလည်နိုင်တာလဲ? ဘာလို့ အဖေ့အရိပ်ကို မလိုချင်တာလဲ? သိက္ခာဆိုတာကို အဆင့်တန်းဆိုတာကို အဖေ့မေတ္တာနဲ့ လဲရက်ကြတာလား? စာပေတွေ မဖတ်မိကြလို့ တကယ်နားမလည်ခဲ့ကြတာလား? ကျွန်မ ဝေခွဲလို့မရအောင်ကို စိတ်မကောင်းဖြစ်မိပါတော့တယ် ၊ တွေးပြီးငြိမ်နေတော့ ဦးလေးကြီးက..
“သမီးလေး၊ သမီးလေးက ဘာသာရေးဆောင်းပါးလေးတွေ ရေးတယ်ဆိုတော့ ဒီအကြောင်းလေးကို ရေးပေးပါလားသမီးရယ်၊ ဦးလေးဘာမှ လိုချင်လို့ မဟုတ်ပါဘူး၊ ဦးလေးမသေခင် သမီးလေးဒီစာလေးကိုဖတ်ပြီး ဦးလေးရဲ့ခံစားချက်ကို နားလည်စေချင်လို့ပါသမီးရယ်” တဲ့၊
“ဟုတ်ကဲ့ပါဦးလေးရယ်၊ ကျွန်မဖြစ်အောင်ရေးပေးပါ့မယ်ရှင် ပြီးရင် ဒီဆောင်းပါးလေးပါခဲ့ရင်လည်း ကျွန်မဦးလေးဆီ အရောက်ပို့ပေးပါ့မယ်”
လို့ပြောတော့ ဦးလေးကြီးက မျက်ရည်လေးဝဲလို့
“သမီးလေးရယ်၊ တကယ်ကျေးဇူးတင်နေပါ့မယ်၊ လိုအပ်ရင် ဖုန်းဆက်နော် သမီးလေး”တဲ့၊
ကျွန်မရင်ထဲ အမည်မဖော်နိုင်လောက်အောင် ဝေဒနာတစ်ခုကို နင့်နင့်နဲနဲလေးခံစားရင်း ကျွန်မဆင်းရမဲ့ မှတ်တိုင်လေးရောက်တော့ ဦးလေးကို နှုတ်ဆက်ရင်း ကားပေါ်က ဆင်းလိုက်ပါတော့တယ်။
ကားလေးမောင်းပြီးထွက်သွားတဲ့  ဦးလေးကြီးအကြောင်းကို တွေးရင်း သားသမီးတွေ ဘယ်လောက်ဆိုးဆိုး ဘယ်လောက်နားလည်မှုတွေ မရှိပေမဲ့လည်း မိဘမေတ္တာဟာ စမ်းရေပမာ အမြဲစီးဆင်းနေပြီး အေးမြနေတယ်ဆိုတာရယ် တုနှိုင်းလို့မရအောင် ကြီးမားမြင့်မြတ်တယ်ဆိုတာကို ကျွန်မပိုပြီး ခံစားနားလည်လာရပါတော့တယ်၊ ကျွန်မလို အဖေမရှိတော့တဲ့ သူတစ်ယောက်ကတောင် အဖေ့မေတ္တာကို တမ်းတပြီး အဖေ့ရိပ်ကို လိုချင်နေမိတယ်ဆိုရင် အဖေရှိနေသေးသူတွေဟာ အဖေရဲ့မေတ္တာစေတနာကို နားလည်ပြီး အဖေ့အရိပ်ကို အေးမြငြိမ်းချမ်းတဲ့အရိပ်အြ ဖစ် သိနားလည်ပြီး အဖေ့ကျေးဇူးကို အဖေမသေခင် ပြန်လည်ပေးဆပ်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို ရေးသားလိုက်ခြင်းပါ၊ သားသမီးတိုင်း အဖေ့ကျေးဇူးကို နားလည်နိုင်ကြပါစေရှင်၊ တုနှိုင်းမဲ့ရာ အဖေ့မေတ္တာကို သံသရာမဆုံးခင် အပြုံးလှလှလေးတွေနဲ့ တကယ်အသုံးချတတ်ပါစေရှင်။ တကမ္ဘာလုံးမှာရှိတဲ့ အဖေများကို လေးစားလျှက် ..
လရိပ်လေး(မောင်းမကန်)
လရိပ်လေး(မောင်းမကန်) ရဲ့
***စမ်းရေပမာ အဖေ့မေတ္တာ***
လောကထဲကို လူသားတစ်ယောက်အဖြစ် စတင်အခြေချပြီဆိုတာနဲ့ လူသားတိုင်းမှာ အဖေရယ် အမေရယ်ဆိုတာ ရှိပြီးသားပါ၊ ဒါပေမဲ့ အတူတူနေရတာ မနေရတာကတော့ လူသားတွေရဲ့ အတိတ်ကြောင်းတွေနဲ့ ဆိုင်နေမယ်လို့ ကျွန်မထင်မိပါတယ်၊ ကျွန်မမှာတော့ အဖေဆိုတာကို ကျွန်မလေးနှစ်သမီးလေးအရွယ်က
အဖေပြောခဲ့တဲ့ စကားတွေကို ကျွန်မကိုယ်တိုင် မမှတ်မိခဲ့ပေမဲ့ အမေပြန်ပြောပြတာလေးကို အခုချိန်ထိ အသည်းထဲ စွဲနေတုန်းပါ၊ အဖေက ပြောတယ်တဲ့။
“ငါ့သမီးတွေကို ပညာတတ်ကြီးတွေဖြစ်အောင် ထားမယ်”လို့၊
အဲဒီစကားလေးကို အဖေကိုယ်တိုင် ပြောတာ မကြားခဲ့ရပေမဲ့ ကျွန်မအတွက် အင်အားတွေဖြစ်ခဲ့သလို ပညာတတ်ကြီးဖြစ်အောင် ကြိုးစားချင်စိတ် ဖြစ်ခဲ့ပါတယ်၊ ပြန်ပြောပြတာလေးကို ကြားမိရုံနဲ့တင် အဖေရဲ့စကားက ကျွန်မရဲ့ပန်းတိုင်ကို လမ်းညွှန်ပြနိုင်ခဲ့တယ်ဆိုရင
အဖေနဲ့ အတူတူနေခွင့်ရတဲ့ သားသမီးတွေကို မြင်ရတဲ့အချိန်တိုင်း ကျွန်မ အရမ်းပျော်ရွှင်မိပါတယ်၊ အဖေ့အရိပ်ကို နားလည် လက်ခံတတ်ပြီး အဖေ့ချစ်မေတ္တာတွေကို နားလည်နိုင်ကြပါစေလို့ ကျွန်မ အမြဲဆုတောင်းပေးခဲ့မိပါတယ်၊
“ဦးလေးရှင် ကားအားလား? ကျွန်မ မြောက်ဒဂုံသွားချင်လို့ပါ”
လို့ ပြောတော့ ကားခ ၄၀၀၀ တောင်းပါတယ်၊ ကျွန်မလည်း
“သွားနေကျ ၂၅၀၀ပဲ ပေးရပါတယ်ရှင်၊ ဦးလေး လိုက်ပေးနိုင်မလား? ကျွန်မ တကယ်မညာပါဘူး”
လို့ပြောတော့
“ကဲပါ သမီးလေးရယ် လိုက်ပို့ပါမယ်”
လို့ပြောတော့ ကျွန်မကားပေါ်တက်ပြီး လိုက်လာခဲ့ပါတယ်။
လမ်းရောက်တော့ ကားဆရာဦးလေးက
“သမီးက ဒီကို ဘာလာလုပ်တာလဲ”တဲ့၊
“ကျွန်မက ဘာသာရေး ဆောင်းပါးလေးတွေ ရေးတာပါ၊ ဆောင်းပါးပို့ရင်း ဆရာတော်တွေဆီ အလည်လာတာပါ”လို့ပြောတော့
“တကယ်ကောင်းပါတယ် သမီးရယ်”တဲ့။
ဒီလိုနဲ့ စကားတွေ ပြောဖြစ်တော့ ကျွန်မဘန်ကောက်မှာ ဘာသာရေးလုပ်ဖြစ်တဲ့အကြောင်း
“သမီးရယ်၊ ဦးအမှန်တိုင်း ပြောရရင် သမီးလေးသာ ဦးရဲ့သမီးလေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့တောင် တွေးမိတယ် သမီးရယ်၊ သမီးကို ဦးရဲ့ကားပေါ် တင်ခေါ်လာရတာ ဦးအတွက် တကယ့်မင်္ဂလာပါသမီးရယ်”တဲ့၊
ကျွန်မက
“ဘာဖြစ်လို့လဲ ဦးရယ်”လို့ မေးတော့
“သမီးကို ဦးလေးအမှန်တိုင်း ပြောမယ်နော်၊ သမီးလို အသက်ရွယ်နဲ့ ဘာသာရေးရော မိဘတွေအပေါ် သိတတ်တာလေးကို သဘောကျလို့ပါ၊ ဦးလေးမှာလေ သမီးလေးတစ်ယောက်ရှိတယ်၊ အခုသမီးက ပထမနှစ် ကျောင်းတက်နေပြီလေ၊ စာလည်း အရမ်းတော်ပါတယ်၊ ဒါပေမဲ့သမီးရယ် ကျောင်းစာကလွဲပြီး စာပေဗဟုသုတ ဘာမှမဖတ်ဘူး၊ ဖတ်ဖို့လည်း အချိန်မရတော့ သမီးလို အဖေ့မေတ္တာကို နားမလည်ဘူး၊ ဦးလေးသေမှ အဖေ့မေတ္တာကို နားလည်မယ်ထင်ပါတယ်၊ ဦးလေး စိတ်မကောင်းဖြစ်မိပါတယ်၊ ဒါပေမဲ့သမီးလေးကို ဘယ်တော့မှ စိတ်မကွက်ပါဘူး၊ သမီးလေးရှေ့ရေးအတွက်ပဲ စိုးရိမ်ပြီး ဦးလေးအမြဲဆုတောင်းပေးပါတယ်
ဒါနဲ့ ကျွန်မလည်း မနေနိုင်တော့ပဲ သိချင်လာတာနဲ့
“ဦးလေးရယ် ဦးလေးသမီးက ဘယ်လိုနားမလည်တာလဲရှင်၊ ကျွန်မကို ပြောပြနိုင်မလား”
လို့မေးတော့
“သမီးရယ် သမီးကို တကယ့်သမီးအရင်းလို သဘောထားလို့ ဦးလေးပြောပြမယ်နော်၊ ဦးလေးမိန်းမက ရန်ကုန်သူလေ၊ ဦးလေးက မန္တလေးသားပေါ့၊ သမီးလေးကတော့ တစ်ဦးတည်းသော သမီးလေးပေါ့၊ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ ငယ်ငယ်လေးကတည်းက ကျောင်းတက်ပြီးနေခဲ့တာလေ၊ သမီးလေးက စာအရမ်းတော်တာ၊ သမီးလေးကျောင်းစရိတ်အတွက် ဦးလေးက ကိုယ်ပိုင်တက္ကစီလေးမောင်းပြ
ဖခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့မေတ္တာကို ကျွန်မကိုယ်တိုင်ကြားခဲ့ရတေ
“သမီးလေး၊ သမီးလေးက ဘာသာရေးဆောင်းပါးလေးတွေ ရေးတယ်ဆိုတော့ ဒီအကြောင်းလေးကို ရေးပေးပါလားသမီးရယ်၊ ဦးလေးဘာမှ လိုချင်လို့ မဟုတ်ပါဘူး၊ ဦးလေးမသေခင် သမီးလေးဒီစာလေးကိုဖတ်ပြီး ဦးလေးရဲ့ခံစားချက်ကို နားလည်စေချင်လို့ပါသမီးရယ်”
“ဟုတ်ကဲ့ပါဦးလေးရယ်၊ ကျွန်မဖြစ်အောင်ရေးပေးပါ့မယ
လို့ပြောတော့ ဦးလေးကြီးက မျက်ရည်လေးဝဲလို့
“သမီးလေးရယ်၊ တကယ်ကျေးဇူးတင်နေပါ့မယ်၊ လိုအပ်ရင် ဖုန်းဆက်နော် သမီးလေး”တဲ့၊
ကျွန်မရင်ထဲ အမည်မဖော်နိုင်လောက်အောင် ဝေဒနာတစ်ခုကို နင့်နင့်နဲနဲလေးခံစားရင်း ကျွန်မဆင်းရမဲ့ မှတ်တိုင်လေးရောက်တော့ ဦးလေးကို နှုတ်ဆက်ရင်း ကားပေါ်က ဆင်းလိုက်ပါတော့တယ်။
ကားလေးမောင်းပြီးထွက်သွားတဲ
လရိပ်လေး(မောင်းမကန်)
အပျော်ဆုံးဆိုတာ(ပညာပေးပုံပြင်)
တစ်ခါက ကျီးတစ်ကောင်သည် တောထဲတွင်ပင်နေရ၍ မိမိဘဝကို မိမိ စိတ်အပျက်ကြီး ပျက်နေမိသည်။ တစ်နေ့သောအခါ ကျီးသည် ငန်းဖြူတစ်ကောင်နှင့် ဆုံမိလေသည်။ ကျီးသည် ငန်းကိုကြည့်ပြီး " ဒီ...ငန်းဟာ ဖြူဆွတ်နေတာပဲ။ ငါကတော့ အလွန်မဲတယ်။ ဒီငန်းဟာ ဒီကမ္ဘာမှာ အပျော်ဆုံးဖြစ်မှာပဲ" ဟု တွေးမိပါသည်။ ထို့ကြောင့် ကျီးသည် ငန်းဖြူအား "မင်းဟာ သိပ်လှတာပဲ။ မင်း... ဒီကမ္ဘာမှာ နေရတာ အရမ်းပျော်မှာပဲနော်" ဟု ပြောလေသည်။ ထိုအခါ ငန်းဖြူက ကျီးအား " အမှန်တစ်ကယ်တော့ ငါ... ကြက်တူရွေးကို မတွေ့သေးခင်က ငါ့ကိုယ်ငါ အလှဆုံးထင်ခဲ့တာ။ ကြက်တူရွေးတွေဟာ ကာလာနှစ်မျိုးနဲ့ အရမ်းလှတယ်။ ငါတော့ ဒီကမ္ဘာမှာ ကြက်တူရွေးတွေက အပျော်ဆုံးလို့ ထင်တာပဲကွာ" ဟု ပြောလေသည်။ ထို့ကြောင့် ကျီးသည်ကြက်တူရွေးအား ဒီကမ္ဘာမှာ အပျော်ဆုံး ဟုတ်မဟုတ်မေးရန် ကြက်တူရွေးဆီသွားလေသည်။ ထိုအခါ ကြက်တူရွေးက " ငါလေ ဒေါင်းကို မတွေ့ခင်အထိတော့ အပျော်ဆုံးဖြစ်ခဲ့တာပေါ့။ ငါ့မှာက နှစ်ရောင်ပဲရှိတာလေကွာ။ ဒေါင်းတွေမှာက ကာလာစုံပါကြတယ်ကွ" ဟု ကျီးကို ပြောလိုက်ပါ သည်။ ထို့ကြောင့် ကျီးသည် ဒေါင်းအားအပျော်ဆုံးဟုတ်မဟု
credit: Happiest Bird in the world from moral story in english.
moral; ကျွန်မတို့တစ်တွေဟာ မိမိကိုယ်မိမိ၊ မိမိအလှကို မိမိ မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲခြင်းမရှိပါ။
ယုယုလွင်
ဟာသ
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
မေးကြတော့တာပေါ့။
မေးကြတော့တာပေါ့။
ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။
ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
ငိုပြန်ပါလေရော။
နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
`ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ …. ။

မှတ်ချက်။ ။ ခုလိုတိုးတက်ပြောင်းလဲနေတဲ့အချိန်မျိုးမှာ တင်လိုက်မိလို့ ဝိုင်ပီးတော့ အပစ်မတင်ကြပါနဲ့ ဒါလေးက ဦးသန်းရွှေ လက်ထက်က ဟာသလေးပါ။
Subscribe to:
Posts
(
Atom
)